Services

Our Service & Support

ကျွန်တော်များ၏ Soft-Gate Technology သည် IT နယ်ပယ်အတွင်းရှိ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးနယ်ပယ်အတွင်းရှိ ကျွမ်းကျင်သော စာရင်းကိုင်များ၊ စီမံခန့်ခွဲမှု နယ်ပယ်အတွင်းရှိ အောင်မြင်သော စီမံခန့်ခွဲမှုပညာရှင်များ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ကွန်ပျူတာနည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Software Service

ကျွန်တော်များ၏ Soft-Gate Technology မှ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းလက်ကျန်များစစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုလုံး၏ ဝင်ငွေ၊ထွက်ငွေ ငွေကြေးဆိုင်ရာ စာရင်းများထိန်းသိမ်းခြင်း စသည့်စီမံခန့်ခွဲမှုလုပ်ဆောင်ချက်များအား ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်သော Management Software များအား ရောင်းချပေးလျက်ရှိသည့်အပြင် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ကိုက်ညီသော Customized Software များကို လူကြီးမင်းတို့ စိတ်တိုင်းကျ ရေးသားဝန်ဆောင်မှု ပေးလျက် ရှိပါသည်။

Website Service

ယခုအခါ စီးပွားရေးလုပ်ငန်းများသည် အင်တာနက်ကို မိမိတို့လုပ်ငန်းများ၏ ဆောင်ရွက်မှုများအား လူအများ သိရှိစေရန် ကြားခံနယ်ပယ်အဖြစ် အသုံးပြုလာကြသည်။  မိမိတို့လုပ်ငန်းများကို အင်တာနက်တွင် လွှင့်တင်ကြော်ငြာ ခြင်းဖြင့် ပြည်တွင်းသာမက ပြည်ပရှိ လူအများပါ မိမိတို့လုပ်ငန်းကို သိရှိလာမည်။

ကျွန်တော်များ၏ Soft-Gate Technology မှ လူကြီးမင်းတို့၏ ကုမ္ပဏီ လုပ်ငန်း ၊ သင်တန်းကျောင်း ၊ ခရီးသွားလုပ်ငန်း ၊ ဟိုတယ် လုပ်ငန်း ၊ အစရှိသည့် လုပ်ငန်းများအတွက် Business Website များ၊ E-commerce Website များ၊ Online Shopping System များကို ချိုသာသော ဈေးနှုန်း ၊ ပြီးပြည့်စုံသော ဝန်ဆောင်မှု တို့ဖြင့် အကောင်းဆုံး လူကြီးမင်းတို့ စိတ်တိုင်းကျ ရေးဆွဲဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ ထို့ပြင် IT ကျောင်းသားလူငယ်များ၊ Business website များအတွက် Domain Name နှင့် Web Hosting ဝန်ဆောင်မှုကိုပါ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

–   Domain and Hosting Service

လူကြီးမင်းတို့အတွက် Domain Name ဝယ်ယူပေးခြင်း၊ Unlimited Space နှင့် Unlimited Bandwidth များပါရှိသော အရည်အသွေးမြင့်မားသည့် Web Hosting များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

-   Virtual Private Server Service

မြန်မာနိုင်ငံသားများအတွက် Australia Data Center တွင် တိုက်ရိုက် ထားရှိသော စွမ်းဆောင်ရည် မြင့်မားသော Hyper-V Windows Virtual Private Server (VPS) အား စတင်၍ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါသည်။

မိမိ၏ ကိုယ်ပိုင် Computer(သို့) Server တစ်လုံးအား Data Center တွင် တိုက်ရိုက် ထားရှိသကဲ့သို့ အသုံးပြုသူကိုယ်တိုင် တိုက်ရိုက် အပြည့်အဝ  ထိန်းချုပ်နိုင်ရန် စီစဉ်ထားရှိပါသည်။Data Center တွင် တိုက်ရိုက်ထားရှိသော Window VPS ဖြစ်သောကြောင့် အသုံးပြုသူများ အနေဖြင့် အင်တာနက် ရရှိသည့် မည်သည့် နေရာတွင်မဆို မိမိ၏ ကိုယ်ပိုင် VPS အား အချိန်မရွေး ဝင်ရောက် အသုံးပြုနိုင်ပါသည်။

-   Customized Web Development Service

ကျွန်တော်များ၏ Soft-Gate Technology မှ လူကြီးမင်းတို့၏ ကုမ္ပဏီ လုပ်ငန်း ၊ သင်တန်းကျောင်း ၊ ခရီးသွားလုပ်ငန်း ၊ ဟိုတယ် လုပ်ငန်း ၊ အစရှိသည့် လုပ်ငန်းများအတွက် web site များကို ချိုသာသော ဈေးနှုန်း ၊ ပြီးပြည့်စုံသော ဝန်ဆောင်မှု တို့ ဖြင့် အကောင်းဆုံး ရေးဆွဲဝန်ဆောင်မှုပေးလိုပါသည်။

Website တစ်ခု ထားရှိခြင်း၏ အကျိုးကျေးဇူးများ

Website တစ်ခုထားရှိခြင်းဖြင့်

1. လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်း၏ တိုးတက်ပြောင်းလဲမှုများကို အချိန်နှင့် တပြေးညီ သိရှိစေနိုင်ခြင်း
2. ပြည်တွင်းရှိ မိမိ၏ Customer များအား ထိရောက်စွာ ၀န်ဆောင်မှုပေးနိုင်ခြင်း
3. ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိ ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ခြင်း
4. Online အမှာစာများကို လက်ခံရယူနိုင်ခြင်း
5. ကုန်ကျစရိတ် သက်သာစွာဖြင့် လူသန်းပေါင်းများစွာအား သိရှိစေနိုင်ခြင်း တို့အပြင် အခြား အကျိုးကျေးဇူးများစွာကိုလဲ ရရှိနိုင်ပါသည်။

ကျွန်တော်တို့ ၏ Web Package များထဲ မှ တစ်ခုကို ရွေးချယ်အသုံးပြုရုံဖြင့်

1. မိမိတို့ Website ၏ Web Pages Information များအား ကိုယ်တိုင်ပြင်ဆင်နိုင်သည့် Content Data Management System တစ်ခု
2. ပြည်တွင်း ပြည်ပ နိုင်ငံများ မှ သင့်လုပ်ငန်း ကို ဆက်သွယ်စုံစမ်းနိုင်သော Contact Form တစ်ခု
3. သင့် ကုမ္ပဏီ နာမည်ပါသော Email Account များ ( eg- info@yourbusiness.com )
4. Internet Search Engine များ ဖြစ်သော Google , Yahoo , Bing တို့တွင် သင့် လုပ်ငန်းကို အခြားသူများ အလွယ်တကူ ရှာဖွေတွေ့ရှိစေနိုင်ခြင်း ၊
5. သင့်လုပ်ငန်း ၏ တိုးတက်ပြောင်းလဲ မှုများကို အချိန်နှင့်တပြေးညီ သိရှိစေနိုင် ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် ဖြစ်သည်။

Mobile Service

မြန်မာပြည်တွင်းရှိ Mobile Network (GSM 900 Mhz, WCDMA 2100 Mhz, CDMA 450 Mhz, CDMA 800 Mhz) ဖုန်းများ အားလုံးသို့ Short Message Service (SMS) မှတဆင့် စီးပွားရေးဆိုင်ရာ ၀န်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။